Friday, October 06, 2006

သိတင်းကျွတ်ညလေး



သီတင်းကျွတ်မှာဘယ်ကိုသွားမလဲလို့စဉ်းစားနေတာ..ဒါပေမဲ့လည်း အချိန်တွေကကုန်လိုက်တာဗျာ..ချက်နေရင်းနဲ့ကိုဘာမှန်းမသိလိုကဘူး..
သူငယ်ချင်းတွေနဲ့လည်းမတွေ့..သူငယ်ချင်းအားလုံးကိုလည်းသတိရပါတယ်..
သူတို့ ကျွန်တော်ကို သတိရကြမှာပါ..အားလုံးကိုလည်းအစဉ်ပြေပါစေလို့ဆုတောင်းပါတယ်..
ဒီလိုနေ့မှာဘုရားသွားကျောင်းတက်သွားကြတာဘဲကောင်းပါတယ်လေ..
အဲဒီစိတ်ကူးတော့ရှိပါတယ်သို့သော်လည်းပဲ.. မပြိးသေးတဲ့ ကဗျာတွေကိုရေးနေရတယ်ဗျာ..
ခင်ဗျားတို့ဘဲစဉ်းစားကြည့်လေ..ရေးရမဲ့တာဝန်ရျိနေတော့ရေးရအုန်းမှာဘဲလေ..
သီတင်းလဲကျွတ်ပြီ..အိမ်ကလည်းလွတ်ပြီ..

Thursday, October 05, 2006

ဒီလိုအပြုံးလေး
















Wednesday, September 20, 2006

အတင်းပြောတဲ့လူတွေအကြောင်း

ကျွန်တော်တို့ရဲ့ သူငယ်ချင်းမွေးနေ့မှာပေါ့...အတင်းပြောတဲ့လူတွေအကြေညင်း ရုပ်ရှင်ရိုက်နေတာ...မင်းသားမပါ...မင်းသမီးတွေနှင့်သာ...ရိုက်သောဇာတ်ဝင်ခန်းပဲ
ဖြစ်ပါတယ်..မင်းသမီးဆိုတာ ဟာသမင်းသမီးကိုပြော်တာနော်..ဒါကတော့
မွေးမြေရပ်ခြားမှာရောက်နေသော သူငယ်ချင်းအတွက် ...
အမှတ်တရလေးတွေပေါ့..

Tuesday, September 19, 2006

ပန်းချီ.ကဗျာ.သီချင်း

စာရွက်ဖြူမှာ
ပန်းချီဆွဲမယ်...........
မျဉ်းကြောင်းပျေါမှာ
ကဗျာရေးမယ်...........
သီချင်းဆိုရင်း
ဖြေသိမ့်မယ်.............
ဝမ်းနည်းနေရင်
လျှောက်သွားမယ်.......
ပျော်စရာတွေကို
မျှဝေမယ်......
အားပေးမှာက
ဘယ်သူလဲ..............

သံဇဉ်မဲ့......................တီးတိုးစကား

Sunday, September 17, 2006

သူငယ်ချင်းများနှင့်အမှတ်တရ



လွန်ခဲ့သောအတိတ်ကိုပြန်သတိရမိပါတယ်..သူငယ်ချင်းတွေနဲ့ Computer Class မှာ တွေ့ကြပါတယ်..အခုအချိန်ထိသူတို့ကိုသတိရနေဆဲပါ..ပျော်ရွှင်စရာကောင်းတဲ့နှစ်ပေါ့..
ကျွန်တော်တို့ MCC (mdy) မှာ IDCS တက်နေရင်းနဲ့ တွေ့ခဲ့ကြပါတယ်..သူငယ်ချင်းတွေ
အခုတော့ အလုပ်လုပ်တဲ့လူလုပ်ပေါ့လေ..တချို့ကတော့ foregin ကိုချီတက်သွားကြပြိ..
mdy မှာကျန်တဲ့သူငယ်ချင်းတွေလည်း ရှိပါသေးတယ်..သူငယ်ချင်းတွေကိုသတိရတိုင်း
လက်ကျန်လေးတွေကို ရှင်းတက်ကြပါတယ်..ဟဲဟဲ..အားလုံးကိုလည်းသတိရပါတယ်..
class ထဲမှာ ပျော်ပျော်ရွှင်ရွှင် စကျ.နောက်ကျ.စိတ်ဆိုးကျရင်း..ကျောင်းတွေလစ်ခဲ့ကြတယ်..ဟီး....
ကဲ အချစ်ဆုံးသူငယ်ချင်းတွေ ထာဝရ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..

စောင့်နေသူပါ

ဆောင်းရာသီကိုရောက်တော့မယ်..အရမ်းလည်းပျော်ပါတယ်.လူတွေအားလုံးလည်း
ဒီအတိုင်းပဲလို့မျှော်လင့်ပါတယ်..ကျွန်တော်တို့ရဲ့ ရွှေမန်းမှာဆိုငရင် ဆောင်းရာသီရောက်ပြီဆိုတာနဲ့ ကျုံးဘေးသို့ရွှေ့ရတာဘဲ..ဘာလို့လဲဆိုတော့မန်းဆောင်းအရမ်းကိုလန်းဆန်းစေပါတယ်..
အပိုပြောတာမဟုတ်ပါဘူး..မယုံဘူးဆိုရင် လာလည်ဖို့ပြောပါရစေ..ပြီးတော့
happy new year ဆိုတာရောက်တော့မှာမို့ပါ..အားလုံးကို
အခုကတည်းကဆုတောင်းပေးပါရစေ..နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေလို့......

ၽRock & Rap



ဒီခေါင်းစဉ်လေးကတော့..တခြားမဟုတ်ပါဘူး..အခုမြန်မာပြည်ရဲ့ ဂီတလောကပေါ့ဗျာ..
Rocker တွေကပြောတော့ Rapper တွေကသိးချင်းတွေကို
Copy ကူးပြိးဆိုတာတဲ့...ဟိုသိချင်းလေးဗျာ..လေးဖြူဆိုထား..
အဟောင်းကြိးတော့မလုပ်နဲ့ဆိုနေတာသီချင်းဟောင်းကြိးတဲ့..
အဲဒါက တောင်ကြိးကလာတဲ့ ကိုအယ်ဖြူကပြောတာ..
မြန်မာပြည်ရဲ့ ဂီတလောကကတော့ ရင်လေးရပါတယ်..ဟဲဟဲ ..
ကျွန်တော်တို့ကတော့..အဲလိုမဟုတ်ပေါင် ဆိုချင်သလိုဆိုကြ
နားထောင်ပေးရမှာပေါ့..ဟိုအဆိုတော်ပြောတာကို မှတ်မိပါသေးတယ်..
AK (ဘာဘူ) ပြောတာ ဟိုလူတွေ ဘာဆိုလားဘဲ..ဒါတွေကတော့..မြန်မာပြည်မှာရှိကြတဲ့ အဆိုတော်တွေအားလုံးကတော့ဒိလိုပါပဲ..နောက်ဆက်ရေးမှာနော်..စောင့်နေ...

Sunday, September 03, 2006

အင်တာနက်သုံးမယ်ဆိုရင်










ကျွန်တော်တို့ရဲ့..မန္တလေးမှာ cyber cafe တွေတော်တော်များများပေါလာပိဗျာ..ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့ Evolution ရဲ့အကြောင်းလေးဖြစ်ပါတယ်..အော်ပြောရအုန်းမယ် ..နောက်ထပ် cyber တစ်ခုထပ်ဖွင့်လိုက်ပြန်ပြီဗျာ..နာမည်လေးက Future Sky တဲ့ နာမည်လေးကတော့ကဗျာဆန်ပါတယ်..ဒါပေ့မဲ့ သွားကြည့်လိုက်တိုင်း လူကိုမရှိဘူးဗျာ..သနားပါတယ်..ဖွင့်ပြိလူမရှိရင်လည်း မကောင်းဘူးလေ..Evolution ကတော့ Customer တွေမရှိလည်းအမျိုးတွေရှိနေတာဘဲ..ဟဲဟဲ နောက်တာနော်..တော်ကြာ Evo ရဲ့မန်နေဂျာက ဆဲနေပါအုန်းမယ်..မန္တလေးမှာရှိတဲ့ cyber တွေကတော့ မဆိုးကြပါဘူး..စိတ်ကိုပြောတာ..ဟိး.ဒီနေ့ Evolution မှာလည်း လူတွေပြည့်နေတာဘဲ..တော်တော်လေးရောင်းအားကောင်းပါတယ်..Internet ခေတ်ဆိုတော့လည်း ပြောရတာလည်း Net မပါရင်ကိုမပြိးတော့ဘူးဗျာ..ဒါပေမဲ့ ပင်လယ်ရေပေါ့လေ..ဟုတ်တယ်ဟုတ်..အဲဒီထဲ က Evo ကလည်းတမျိုးပေါ့နော်..Staff တွေကလည်းဖော်ဖော်ရွေရွေရှိကြပါတယ်..အားလုံးကလည်း အဆင်တပြေဆက်ဆံကြပါတယ်...Fees ကိုတော့ မမေးနဲ့တော့နော်.အဲဒီဆိုင်လေးက.........

ဒီနေရာမှာ.....အမှတ်(၅၃) .၂၇ လမ်း .၇၆ နှင့် ၇၇ လမ်း..Madnalay ပေါ့..ဖုန်း..၀၂-၃၃၀၁၁မှတ်ထားလိုက်နော်..

Wednesday, August 30, 2006

ကျေးဇူးတင်ထိုက်သူများ

ကျွန်တော်နှင့်ခင်မင်ရင်းနှီးသော သူငယ်ချင်းများ၊ ကျွန်တော့်ကသိပြီး ကျွန်တော့်ကိုမသိသော သူငယ်ချင်းများ၊ ကျွန်တော်ကမသိဘဲ ကျွန်တော့်ကိုသိသော သူငယ်ချင်းများ အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါသည်။